Sunday, September 21, 2008

Dimensional Analysis and Similarity

Fluid Mechanics ဘာသာရပ်မှာ Dimensional Analysis လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ စမ်းသပ်မှုများ ပြုလုပ်ခြင်းကြောင့် ရရှိလာတဲ့ ရလဒ် (data) တွေကို ဘယ်လို အစီအစဉ်ဆွဲခြင်း (planning) ၊ တင်ပြအစီရင်ခံခြင်း (presentation) နဲ့ ကောက်ချက်ချခြင်း (interpretation) များ ပြုလုပ်ကြမလဲ အစရှိတာတွေနဲ့ သက်ဆိုင်ပါတယ်။ အဲဒီလိုမျိုး စမ်းသပ်မှုများက ရရှိလာတဲ့ အချက်အလက်တွေကို တင်ပြမှု ပြုလုပ်မယ်ဆိုရင် (dimensionless) ဖြစ်နေတာက အကောင်းဆုံးတင်ပြမှုပုံစံဖြစ်နေတဲ့အတွက် Dimensional Analysis များကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ Dimensionless ဆိုတဲ့စကားလုံးကို အကြမ်းမျဉ်း အဓိပ္ပာယ်ဖွင့်ဆို ကြည့်မယ်ဆိုရင်တော့ အလျား၊ အနံ၊ ထုထည် ၊ အလေးချိန်အစရှိတဲ့ တိုင်းတာမှုတွေ မပါဝင်တဲ့ parameter များကို Dimensionless Parameter များလို့ သတ်မှတ်ပါတယ်။ ဥပမာအားဖြင့် m, cm, m/s, kg အစရှိတဲ့ ယူနစ်တွေ မပါဝင်တဲ့ parameter များကို dimensionless parameter များလို့ ခေါ်ဆိုနိုင်ပါတယ်။

အရည်တစ်မျိုးမျိုးရဲ့ ထုထည် (volume) ကို ထိန်းချုပ်မှုပြုလုပ်ပြီးတော့ အလေးချိန် (mass), အဟုန်(momentum), စွမ်းအင် (Energy) အစရှိတာတွေကို ထိန်းသိမ်းမှု (balance) များပြုလုပ်ပေးခြင်းအားဖြင့် ခြုံငုံ တွက်ဆနိုင်တဲ့ Parameter တွေဖြစ်တဲ့ mass flow (အရည်ဒြပ်ထုများ စီးဆင်းမှုနှုန်း)၊ force (အင်အား၊ တွန်းအား) ၊ torque (လည်ပတ်အား)၊ total heat transfer (အပူကူးပြောင်းမှု) အစရှိတဲ့ parameter တွေ ပေါ်ပေါက်လာပါတယ်။ နောက်ထပ်ပြီးတော့ အရည်တစ်မျိုးမျိုး (fluids) ရဲ့ infinitesimal balance လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ fluid particles လေးတွေကို လေ့လာဘို့ရန်အတွက်ကတော့ fluid flow တွေကို partial differential equation formula တွေနဲ့ လေ့လာခြင်းကနေပြီးတော့ ဖော်မြူလာများ ၊ အဖြေများကို ထုတ်ဖော်ပြနိုင်ပါတယ်။ အထက်ပါနည်းလမ်းတွေကို analytical techniques များအဖြစ်သတ်မှတ်ပါတယ်။ ဒါပေမယ့် ဒီ analytical techniques လို့ခေါ်တဲ့ နည်းလမ်းတွေဟာ ရိုးစင်းတဲ့ ပုံစံရှိတဲ့ ဘောင်တစ်ခု (Simple Boundary) အတွင်းမှာ ရှိတဲ့ အရည်များကို လေ့လာတဲ့နေရာမှာပဲ အသုံးချလို့ရပါတယ်။ အရည်များစီးဆင်းမှု (fluid flow) နဲ့ သက်ဆိုင်တဲ့ ပြသနာအားလုံးရဲ့ သုံးပုံပုံရင် တစ်ပုံလောက်ကိုသာ Analytical Techniques လို့ခေါ်တဲ့ အထက်ပါ နည်းလမ်းများ၊ ဖော်မြူလာများကို အသုံးပြုပြီးတော့ တွက်ချက်မှု ပြုလုပ်နိုင်ပါတယ်။
Fluid Mechanic နဲ့ သက်ဆိုင်တဲ့ ပြသနာတွေထဲက Analytical Techniques တွေနဲ့ အဖြေရှာလို့ မရတဲ့ ကျန်တဲ့ သုံးပုံ နှစ်ပုံမျှသော ပြသနာများကတော့ အသွင်အပြင် ရော ပုံသဏ္ဍာန်အရ (Geometrically and physically) ပါ အလွန်ရှုပ်ထွေးစွာ တည်ရှိကြပါတယ်။ အဲဒါမျိုးပြသနာတွေကို ဖြေရှင်းဘို့ရာ အတွက်တော့ Experiment လို့ ခေါ်တဲ့ စမ်းသပ်မှုတွေကို ကြိမ်ဖန်များစွာပြုလုပ်ပြီးတော့ ရရှိလာတဲ့ အချက်အလက် (data) များကို ဆန်းစစ်လေ့လာခြင်းအားဖြင့်သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါမျိုးဒေတာတွေကို တင်ပြမယ်ဆိုရင် ဂရပ်ပုံစံနဲ့ တင်ပြတာက ဇယား (Table) ပုံစံနဲ့ တင်ပြတာထက် ပိုပြီးတော့ အမြင်ရှင်းရှင်းနဲ့ တင်ပြနိုင်မှာဖြစ်ပါတယ်။ အထက်ပါအချက်တွေဟာပဲ Dimensional Analysis လုပ်ရခြင်းရဲ့ အကြောင်းရင်းတွေပါပဲ။

Dimensional Analysis မိတ်ဆက်
အခြေခံအားဖြင့် Dimensional Analysis ဆိုတာဟာ ဖြစ်ရပ်တစ်ခုခု (phenomenon) အပေါ်မှာ သက်ရောက်မှုရှိနိုင်တဲ့ Variables တွေရဲ့ ရှုပ်ထွေးမှုနဲ့ အရေအတွက်ကို လျှော့ချပေးနိုင်တဲ့ နည်းလမ်း (Methods) များပဲဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခုဟာ Dimension (ယူနစ်) တွေနဲ့ တိုင်းတာလို့ ရတဲ့ Variable ပေါင်း n အရေအတွက်ပေါ်မှာ မူတည်နေတယ်ဆိုရင် အဲဒီ့ Variable တွေကို ယူနစ်မရှိတဲ့ Dimensionless Variable ပေါင်း k အရေအတွက်သို့ လျော့ချပေးခြင်းကို Dimensional Analysis နည်းလမ်းများက လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
လျော့နည်းသွားတဲ့ Variable အရေအတွက် (n-k = 1,2,3 or 4) ကဘယ်လောက်ဖြစ်မလဲ ဆိုတာကတော့ ဖြေရှင်းရမဲ့ ပြသနာရဲ့ ရှုပ်ထွေးမှုအပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့် လျော့နည်းသွားတဲ့ အရေအတွက်တွေဟာ ကွဲပြားတဲ့ ယူနစ် အရေအတွက် (number of different dimension) နဲ့ တူညီလေ့ရှိပါတယ်။ (တစ်ခါတစ်လေမှာ အခြေခံ သို့မဟုတ် မူလ ယူနစ်များ ၊ basic or primary or fundamental dimensions လို့လဲ ခေါ်ဆိုလေ့ရှိကြပါတယ်။ Fluid Mechanics မှာ အဓိက အခြေခံ ယူနစ် လေးခုကတော့ mass (အလေးချိန်)၊ length (အလျား)၊ Temperature (အပူချိန်) နဲ့ Time (အချိန်) တို့ပဲ ဖြစ်ပါတယ်။ MLTθ System လို့ အတိုကောက်မှတ်ယူနိုင်ပါတယ်။ တစ်ချို့ နေရာတွေမှာတော့ FLTθ system ဖြစ်တဲ့ mass နေရာမှာ အား (Force) ကို အစားထိုး အသုံး ပြုကြတာတွေလဲ ရှိပါတယ်။

MLTθ System မှာအသုံးများတဲ့ ယူနစ်တွေကို အောက်က ဇယားထဲမှာ ဖော်ပြထားပါတယ်။
SI Unit Column က မူရင်း Reference စာအုပ်ထဲမှာ မပါဝင်ပါဘူး။ ဒါပေမဲ့ MLTθ System ကိုပြောင်းတဲ့အခါမှာ ပိုပြီးတော့ မြင်နိုင်လာအောင်လို့ ထည့်ပေးထားတာပါ။ ဇယားထဲမှာပါတဲ့ α β γ နဲ့ δ တို့ဟာ MLTθ တို့ရဲ့ အညွှန်းကိန်းများဖြစ်ကြပါတယ်။ Mα Lβ Tγ θδ ပုံစံနဲ့ ကြည့်မြင်နိုင်ပါတယ်
SI Unit တွေကိုကြည့်ခြင်းအားဖြင့် Mα Lβ Tγ θδ ပုံစံကို ပြောင်းတဲ့နည်းကတော့ ဥပမာ Acceleration ရဲ့ ယူနစ် m/s2 ကို ကြည့်မယ်ဆိုရင် m (မီတာ) ဟာ အလျား L ဖြစ်ပါတယ်။ အချိန် second square နဲ့ စားထားတဲ့အတွက် S က S-2 ဖြစ်ပါတယ်။ ဒါကြောင့် m/s2 ကို Mα Lβ Tγ θδ ပုံစံနဲ့ ပြမယ် ဆိုရင် LT-2 လို့ ပြဆိုရမှာဖြစ်ပါတယ်။ ထိုနည်းတူ Force ရဲ့ ယူနစ်ကို M L T-2 အစရှိသည်ဖြင့် အောက်ပါဇယားကို ကြည့်ပြီးတော့ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။



Dimensional Analysis လုပ်ခြင်းကြောင့် ပြောင်းလဲသွားသည့် ဖော်မြူလာပုံစံများ မိတ်ဆက်
စီးဆင်းနေတဲ့ အရည်တစ်မျိုးမျိုးအတွင်းမှာ ပေါလောပေါ်နေတဲ့ အရာဝတ္တုတစ်ခုခုအပေါ်မှာ သက်ရောက်နိုင်တဲ့ အား F ဟာ ၊ အဲဒီ့အရာဝတ္တုရဲ့ အလျား (L) ၊ စီးဆင်းနေတဲ့ အရည်ရဲ့ စီးဆင်းနှုန်း Velocity (V), အဲဒီ့အရည်ရဲ့ သိပ်သည်းဆ (Density, ρ) နဲ့ အဲဒီ့အရည်ရဲ့ တွန်းကန်မှုလို့ ခေါ်ဆိုနိုင် တဲ့ (Viscosity, μ) (Viscosity ရဲ့ အကြောင်းကို အကျယ်လေ့လာဘို့ရန်လိုပါတယ်) တို့အပေါ်မှာ မူတည်နေမှန်း ကျွန်တော်တို့ သိရှိကြပြီးဖြစ်တယ်ဆိုကြပါစို့။ အဲဒီအကြောင်းကို သချာင်္ညီမျှခြင်း ပုံစံ နဲ့ ဖော်ပြမယ်ဆိုရင် အောက်ပါအတိုင်း ဖော်ပြရပါမယ်။
F = f(L,V, ρ, μ) - လို့ ဖော်ပြရပါမယ်။ ဆိုလိုခြင်တာကတော့ အရာဝတ္တုအပေါ်မှာ သက်ရောက်တဲ့ အား F ဟာ L, V ,density နဲ့ Viscosity အစရှိတဲ့ function တွေအပေါ်မှာ မူတည်နေပါတယ်လို့ ပြဆိုလိုက်တာပါ။
အဲဒီ F = f(L,V, ρ, μ) ပုံစံကို Dimensional Analysis လုပ်လိုက်ပြီးပြီဆိုရင်တော့ အောက်ပါပုံစံအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။


F/ρV2L2 = g(ρVL/μ) (or) CF = g(Re)

ဘယ်လိုပြောင်းလဲမှု ပြုလုပ်ကြမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။