Friday, January 16, 2009

Turbo Machinery

Turbo machinery
Turbo machinery ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ -
Turbo machine ဆိုတာ စက်အတွင်းမှာ ဖြတ်သန်းသွားတဲ့ Fluids (အရည်) များအတွင်းကို Energy (စွမ်းအင်) ထည့်ပေးလိုက်ဘို့ ဒါမှမဟုတ် အဲဒီ့ဖြတ်သန်းသွားတဲ့ အရည်များအတွင်းက စွမ်းအင်ကို ထုတ်ယူလိုက်ဘို့ရာအတွက် သီးသန့်တည်ဆောက်ထားတဲ့ စက်တစ်ခု ဖြစ်ပါတယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။
ဖြတ်သန်းသွားတဲ့ အရည်ထဲကို အင်နာဂျီ ပေါင်းထည့်ပေးလိုက်တဲ့ စက်တွေထဲမှာ Pump လို့ခေါ်တဲ့ ရေစုပ်စက်၊ ဓာတ်ငွေ့ဖိစက်နဲ့ တာယာလေထိုးစက် အစရှိတာတွေ၊ Compressors လို့ခေါ်တဲ့ လေနဲ့ အခြားဓာတ်ငွေ့များကို ဖိတဲ့စက်တွေနဲ့ ၊ Fans ပန်ကာ အစရှိတာတွေပါဝင်ပါတယ်။
ဖြတ်သန်းသွားတဲ့ အရည်ထဲက အင်နာဂျီကို ထုတ်ယူတဲ့ စက်တွေကတော့ အများအားဖြင့် Turbines လို့ခေါ်တဲ့ ရေအား၊ ရေနွေးငွေ့အား၊ ဓာတ်ငွေ့အား၊ လေအားအစရှိတာတွေနဲ့ မောင်းနှင်တဲ့ ဆုံလည်မော်တာတွေ ဖြစ်ပါတယ်။

Pumps တွေရဲ့အကြောင်းကို လေ့လာကြည့်လိုက်ရအောင်။ အောက်ပါအခန်းများအတိုင်း ခွဲခြမ်းလေ့လာသွားပါ့မယ်။
1. Introduction and pump classification (ရေ၊ လေစုတ်စက်များမိတ်ဆက်နဲ့ ခွဲခြားခြင်း)
2. Basic energy consideration (စွမ်းအင်ဆိုင်ရာ အခြေခံ စဉ်းစားချက်များ)
3. Elementary pump rotor dynamics (ဆုံလည်များ ရွေ့လျားခြင်းဆိုင်ရာ၊ ရွေ့လျားမှုကို ဖြစ်စေနိုင်သည့် အင်အား စွမ်းအင်များ အား အခြေခံအဆင့် လေ့လာခြင်း)
4. Pump characteristics and similarity (ရေစုတ်စက်၏ ၀ိသေသလက္ခဏာများနှင့် တူညီခြင်း နိယာမများ)
5. Matching pump and system requirements (အသုံးပြုမည့် စံနစ်လိုအပ်ချက် အပေါ်မူတည်ပြီး ပန့်များအား ရွေးချယ်ခြင်း
6. Cavitations (လေခိုပေါက်၊ အခေါင်းများ)
7. Further topics (အခြား ခေါင်းစဉ်များ)
ဆိုပြီးတော့ ခွဲခြမ်းလေ့လာသွားမှာဖြစ်ပါတယ်။

1. Introduction and Pump Classification (ရေ၊ လေစုတ်စက်များ မိတ်ဆက်နှင့် ခွဲခြမ်းစိတ်ဖြာခြင်း)
အရည်များအတွင်းကို အင်နာဂျီ ထည့်သွင်းပေးဘို့အတွက် အများအားဖြင့် ရေ (လေ) စုတ်စက်တွေ ကို အသုံးပြုကြပါတယ်။ အရည်ပုံစံ (fluid) ဒြပ်ထုများကို သယ်ယူပို့ဆောင်ခြင်း၊ ပုံစံပြောင်းထုတ်လုပ်ခြင်းများ ပြုလုပ်တဲ့ စက်မှုလုပ်ငန်းများကို ရေစုတ်စက်များကို အများအပြားအသုံးပြုကြပါတယ်။

Terminology (pumps များအား သီးသန့်ခွဲခြား ခေါ်ဆိုသည့် အခေါ်အဝေါ်များ
· အရည်များအား စုတ်ယူ၊ ထုတ်ပစ်ခြင်း (အထူးသဖြင့် ထပ်မံ ဖိသိပ်မရတော့သော အရည်များ , incompressible) – PUMPS ဟုခေါ်ဆိုသည်။
· ရေနွေးငွေ့များ နှင့် ဓာတ်ငွေ့ များအား စုတ်ယူ၊ ထုတ်ပစ်ခြင်း (ဖိသိပ်ရနိုင်သေးသည်, compressible) – FANS - -> , BLOWERS - - >, COMPRESSORS - - > , - - > သင်္ကေတမှာ ဖိအားလိုအပ်ချက် တိုးပွားလာခြင်းကို ပြဆိုပါသည်။ ဆိုလိုချင်သည်မှာ FAN သည် BLOWER ထက်ပိုပြီး ဖိအားလိုအပ်သည်။

ကျွန်တော်တို့ အနေနဲ့ အရည် (Liquid) ပုံစံတွေကို စုတ်ယူ၊ ထုတ်ပစ်ခြင်းများပေါ်မှာ အလေးထားပြီးတော့ ဆွေးနွေး သွားပါမယ်။

အရည်များကို စုတ်ယူတဲ့ ရေစုတ်စက်များကို အပိုင်း (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။
- Dynamic Pumps လို့ခေါ်တဲ့ pump rotor များရွေ့လျားမှုကြောင့်ဖြစ်ပေါ်လာတဲ့ အင်အားကိုအသုံးပြု မောင်းနှင်တဲ့ Pump များနဲ့
- Positive – displacement Pumps လို့ခေါ်တဲ့ Linear ရွေ့လျားမှုအပေါ်မှာ အခြေခံပြီးတော့ အရည်စုတ်ယူ ထုတ်ယူခြင်းကို ပြုလုပ်တဲ့ Pump များဖြစ်ပါတယ်။

Dynamic Pumps
တွေရဲ့ အခြေခံအကျဆုံးပုံစံများကတော့
· Centrifugal
· Axial နဲ့
· Mixed Flow Pumps များဖြစ်ကာ
Positive – displacement Pumps တွေရဲ့ အခြေခံအကျဆုံးပုံစံများကတော့
· Reciprocating နဲ့
· Rotary Pumps များဖြစ်ကြပါတယ်။

ရေစုတ်စက်တစ်ခု၏ အခြေခံတည်ဆောက်ပုံ
Centrifugal Pump တစ်ခုရဲ့ အခြေခံတည်ဆောက်ပုံကနေ စကြည့်လိုက်ရအောင်
Centrifugal pump တစ်ခုရဲ့ မှာ ပါဝင်တဲ့ အခြေခံအစိတ်အပိုင်းတွေကတော့
· the impeller (အရည်အား တွန်းအားပေးသည့် အပိုင်း)
· the volute casing (ခရုခွေပုံစံ အဖုံး ကာဗာ)
· the diffuser ring (optional) (အရည်စီးဆင်းသည့် အရှိန်အားနိမ့်ချကာ ဖိအားတိုးမြင့်ပေးသည့် ကွင်း၊ တစ်ချို့ ရေစုတ်စက်များတွင်မပါဝင်ပါ)။

အောက်ပါပုံများကို လေ့လာကြည့်ပါ။























No comments: